မြောက်ဥက္ကလာပမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

မြောက်ဥက္ကလာပ ဇန်နဝါရီ ၃

၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများ၊ လူစည်ကားရာနေရာများတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်မြမြဝင်း နှင့် ဝန်ထမ်းများက ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြန့်ဝေသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား  ကျောင်းသား/သူများနှင့် ပြည်သူများက စိတ်ပါဝင်စားစွာ ဖတ်ရှု ကြပြီး စာစောင်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ဦးတည်ချက်များ၊ မြန်မာ့ လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ အမျိုးသားညီညွတ်ရေး ကောက်နုတ်ချက်များ၊ လွတ်လပ်ရေးကို ကာကွယ်ရမယ် မိန့်ခွန်းကောက်နုတ်ချက်များ၊ ပြည်သူ တွေရဲ့ အင်အားသည်သာ အဓိက မိန့်ခွန်းကောက်နုတ်ချက်များနှင့် ဆောင်ပုဒ်၊ အဆိုအမိန့်၊ ကဗျာ စသည့်တို့ကို ဖော်ပြထားကြောင်း သိရသည်။

မြမြဝင်း