မော်လမြိုင် ဇန်နဝါရီ ၃
မွန်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်း၍ မော်လမြိုင်မြို့၊ မင်းရွာကျေးရွာ အားကစားနှင့် ကာယပညာ သိပ္ပံ(မော်လမြိုင်) သင်တန်းကျောင်းတွင် အားကစားနည်းများအလိုက် ပြိုင်ပွဲများ ကို ယနေ့ နံနက် ၉ နာရီကစတင်၍ တတိယနေ့ပွဲစဉ်များအလိုက် ယှဉ်ပြိုင်ကစားမှုများ ဆက်လက် ကျင်းပမည်။
အဆိုပါပြိုင်ပွဲ ပွဲစဉ်တတိယရက်တွင် ဘော်လီဘော (ကျား၊မ)ပြိုင်ပွဲ၊လွန်ဆွဲပွဲ(ကျား၊မ)နှင့် ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲတို့တွင် သတ်မှတ်ဌာနဆိုင်ရာ အသင်းအုပ်စုများက ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
မွန်ပြည်နယ်အစိုးရအဖွဲ့မှ အားကစားဝါသနာပါသူများအား ကျန်းမာကြံ့ခိုင်မှု အရည်အသွေး ပြည့်ဝမှုနှင့် စိတ်ဓာတ်ရေးရာ မြင့်မားရေးဘက်စုံ၊ ထောင့်စုံမှ အားကစား နည်းများအလိုက် လိုအပ်သည်များကို ပံ့ပိုးပေးလျက်ရှိသကဲ့သို့ အလားတူဌာနဆိုင်ရာ ဝန်ထမ်းများအချင်းချင်း ရင်းနှီးချစ်ကြည်စည်းလုံး ညီညွှတ်စွာဖြင့် အားကစားနည်းများ ပါဝင်ယှဉ်ပြိုင်နိုင်အောင် ပံ့ပိုးကူညီဆောင်ရွက်ပေးသည်။
ယင်းဌာနပေါင်းစုံ ယှဉ်ပြိုင်ကစားမှုကို ဇန်နဝါရီ ၁ ရက်နေ့စတင်ခဲ့ရာ၄ ရက်နေ့အထိ ကျင်းပပေးမည်ဖြစ်ပြီး ယှဉ်ပြိုင်ကစားမှုတွင် ဆုရရှိသည့်ဌာနဆိုင်ရာ အသင်းများအား လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)