မိုင်းယန်း ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၇ နာရီက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
လက်ကမ်းစာစောင်များဖြန့်ဝေရာတွင် မိုင်းယန်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ မြို့မဈေးနှင့် လမ်းသွားလမ်းလာ ဒေသခံတိုင်းရင်းသားပြည်သူများအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ဦးတည်ချက်များ၊ သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ ၂၀၂၁ စာအုပ်မှ ကောက်နုတ်ထားသော မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် အမျိုးသားညီညွတ်ရေး ညီလာခံမိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ ဝန်ကြီးချုပ် ဦးနု ပြောကြားခဲ့သည့် ပထမဆုံးသော လွတ်လပ်ရေးနေ့ အခမ်းအနား မိန့်ခွန်းမှကောက်နုတ်ချက်များ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္က၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် ပြည်သူတွေရဲ့အင်အားသည်သာ အဓိက မိန့်ခွန်းကောက်နုတ်ချက်များနှင့် ဖိုလေးလုံးသောင်းကိုကို ရေးသားသည့်တို့များ ဆင်မြန်း လွတ်လပ်ပန်း ကဗျာစသည့် ဗဟုသုတ ဆိုင်ရာများပါဝင်သည့် သတင်းစကား လက်ကမ်းစာစောင်များကို အများပြည်သူတို့၏ လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
ထွန်းထွန်းထူး