မဘိမ်း ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် များကို ယနေ့နံနက် ၈ နာရီအချိန်က မဘိမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်းနှင့် လူစည်ကားသည့် နေရာများ တွင် ဖြန့်ဝေခဲ့ သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ လွတ်လပ်ရေးအား မြတ်နိုးလေးစား တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ လွတ်လပ်ရေးကို ကာ ကွယ်ရမယ်၊ အမျိုးသားညီညွတ်ရေး၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၄)ရပ်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များ၊ တို့များဆင်မြန်း လွတ် လပ်ပန်း၊ ပြည်သူတွေရဲ့အင်အားသည်သာ အဓိက၊ ကမ္ဘာတည်သရွေ့စောင့်ရှောက်စသည့် လွတ်လပ်ရေးနှင့် ပတ်သက်သည့် ဆောင်းပါးများ၊ ကဗျာများနှင့် ကာတွန်းများစသည့် လွတ်လပ်ရေးအကြောင်းအရာများ ပါဝင်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မျိုးမင်း