မိုးနဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

မိုးနဲ ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ၇၄ နှစ်မြောက် လွပ်လပ်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို အထက(မိုးနဲ)၊ ပုလဲဆောင်ခန်းခ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျပန်းစကားပြောပြိုင်ပွဲကို နိုင်ငံတစ်နိုင်ငံတည်ဆောက်ရေးတွင် လွတ်လပ်ရေးသည် မရှိမဖြစ် လိုအပ်သည့် ပင်မရင်းမြစ်အသက်သွေးကြောဖြစ်သည်၊ လွတ်လပ်ရေးကို အခြေတည် ပြည်ထောင်စုဖွား သွေးချင်းများ သွေးစည်းချစ်ကြည် လက်တွဲညီကြမည်၊ (၇၄) နှစ်မြောက်မှ သည် ထောင်စုနှစ်များဆီဦးတည်လို့ လွတ်လပ်ရေးအမွေကို ထိန်းသိမ်းကြပါစို့ စသည့်ခေါင်စဉ် များဖြင့် အခြေခံပညာ အထက်တန်းကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ ၆ ဦးတို့ကမဲနှိုက်စနစ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့‌ကြပြီး ပြိုင်ပွဲကြီးကြပ်များအဖြစ် ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမ များကဆောင်ရွက်ပေးခဲ့ကြပြီး ဆုရရှိသူများအား ကျောင်းအဆင့် ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကားပြော၊ စာစီစာကုံးနှင့် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားတွင် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)