ကျိုင်းလပ် ဇန်နဝါရီ ၂
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား အလွတ်တန်း ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက အမှတ် (၁)ရပ်ကွက်၊ ဝမ်လုံ ကျေးရွာ၌ မဉ္ဇူသက လူမှုကူညီရေးအသင်းမှ ကြီးမှူး၍ ကျင်းပခဲ့သည်။
ကျိုင်းလပ်မြို့ မဉ္ဇူသက လူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ဦးစိုးသိန်းက ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားကာ ပြိုင်ပွဲကိုစတင်ခဲ့ပြီး ယှဉ်ပြိုင်ကစားမည့် အသင်း (၁၈)သင်းတွင် ဆုရရှိသည့် အသင်းများအား ဇန်နဝါရီလ ၄ ရက် နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဆုများချီးမြှင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခြင်းခတ်ပြိုင်ပွဲသို့ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မဉ္ဇူသက လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်များနှင့် ဝါသနာရှင်ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)