စဉ့်ကိုင်မြို့နယ်ရုံး(Community Centre)ခန်းမတွင် အားကစားလှုပ်ရှားမှုများ ဆောင်ရွက်

စဉ့်ကိုင်  ဇန်နန်ဝါရီ   ၃

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊   စဉ့်ကိုင်မြို့နယ်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင် ယနေ့မွန်းလွှဲ (၁) နာရီကအားကစားလှုပ်ရှားမှု Myanma  Fitness  Dance သရုပ်ပြခြင်းအား Online မှတဆင့် တင်ဆက်ရိုက်ကူးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ  Myanmar  Fitness  Dance အကသည် ကျန်းမာရေးအတွက်     အထောက်အကူပြုသည့် ကိုယ်လက်လှုပ်ရှာ  အားကစားနည်းတစ်မျိုးဖြစ်ရာ Online မှ တင်ဆက်ခြင်းဖြင့် လူကြီးလူငယ်မရွေး လိုက်ပါကစားနိုင်သည့်  အားကစားလှုပ်ရှားမှုတစ်ခုဖြစ်ပြီး   စဉ့်ကိုင်မြို့နယ်  ပြန်ကြားရေးနှင် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအနေဖြင့်  အသိပညာပေး Talk  Show များ ၊ စာဖတ်ဝိုင်းများ ၊ ကဗျာရွတ်ပြိုင်ပွဲ၊  ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်၊  စာအုပ်မိတ်ဆက်၊  စကားပုံဆက်၊  ပြည်သူ့နီတိ ၊  အရုပ်ခေါက်စသည့် အစီစဉ်များစွာ Online မှတစ်ဆင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ညိုညိုဝင်း