မက်မန်း ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ထောက်ပံ့မည့်ထပ်တိုး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) လုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခြင်းကို မက်မန်းမြို့နယ် အေးကျန့်ကျေးရွာအုပ်စု၊ ကန်နကျေးရွာ အား ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းလင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တ ခရိုင်ဦးစီးမှူး ဦးတင်ဆူးက စီမံကိန်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုင်းညီဇော်လှအောင် မှ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း ကော်မတီအဖွဲ့ဝင်များ ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်များအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းမြတ်စိုး(ပြန်/ဆက်)