သာစည်မြို့နယ်တွင် ပန်းခင်းစီမံချက်အား door to door တစ်အိမ်ဝင်တစ်အိမ်ထွက်စနစ်ဖြင့် ကွင်းဆင်း ဆောင်ရွက်

သာစည် ဇန်နဝါရီ ၃

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန    မြို့နယ် ဦးစီးမှူးရုံး မှ ပန်းခင်းစီမံချက်အား door to door တစ်အိမ်ဝင်တစ်အိမ်ထွက်စနစ်ဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စု  ၅ အုပ်စု၌ နိုင်ငံသား စိစစ်ရေးကတ်များကို  ယမန်နေ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

သာစည်မြို့နယ်တွင် ပန်းခင်းစီမံချက် လျာထားချက်အားသတ်မှတ်ကာလထက် ဆောလျင်စွာ ပြီးမြောက်နိုင်ရန် door to door  တစ်အိမ်ဝင်တစ်အိမ်ထွက်စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယနေ့နံနက်ပိုင်းမှစ၍ အမှတ်(၁)နှင့် အမှတ်(၆) ရပ်ကွက်၊ ဆည်ကြီး၊ ကတ်ကျေးအင်းနှင့် မကျီးကန် ကျေးရွာအုပ်စုများတွင် အသက် ၁၆ နှစ်နှင့် ၁၈ နှစ်ကြား ၃ (က) ၁၀ ဦး၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ ၆ (က)  ၂၉ ဦးကို ကွင်းဆင်းစိစစ် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့်    ကျန်ရှိသည့် ရပ်ကွက်/ ကျေးရွာ များကို  သတ်မှတ်ချက်များနှင့်အညီ  ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ဦးစီးမှူးရုံးမှ  ဦးစီးအရာရှိ ဦးအောင်မွန်ထံက သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက  အဖွဲ့များခွဲ၍  လိုက်လံစစ်ဆေးပြီး  နိုင်ငံသား စိစစ်ရေးကတ် မရှိသူများအား   သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများ၌ စိစစ်ပြီး ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာသို့  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီးရုံးမှ ဒုတိယတိုင်းဦးစီးမှူး ဦးဇော်ဝင်းမြင့်၊  မိတ္ထီလာခရိုင် ဦးစီးမှူး ဒေါ်အုန်းသန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်