မိုင်းခတ်မြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးနှင့်ကိုယ်ဝန်ဆောင် မိခင်များ အား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

မိုင်းခတ် ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့တွင် မွေးကင်းစမှ အသက်(၂) နှစ် အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က မိုင်းခတ်မြို့နယ် ကုသရေးနှင့်‌ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးတွင် တိုက်ကျွေးထိုးနှံပေး ကြောင်း သိရသည်။

ထို့သို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက မိုင်းခတ်မြို့ပေါ်ရှိ ရပ်ကွက် (၂) ရပ်ကွက်မှ မွေးကင်းစမှအသက် (၂) နှစ်အောက် ကလေးငယ် များအား ပုံမှန်ကာကွယ် ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက် အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန် ဝမ်းပျက် ဝမ်းလျှော ဖြစ်စေတတ်သော (Rota) ကာကွယ်ဆေးကိုပါ တိုက်ကျွေးကြောင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက် များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)