ဘီးလင်းမြို့နယ်၌ (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဌာန​ပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲကျင်းပ ပြုလုပ်

ဘီးလင်း ဇန်နဝါရီ

သထုံခရိုင်၊ ဘီးလင်းမြို့နယ်၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဌာနဆိုင်ရာပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ် အားကစားရုံ၌ ကျင်းပပြုလုပ် လျက်ရှိကြောင်း သိရသည်။

ဌာနဆိုင်ရာပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲကိုအုပ်စု စုခွဲ၍ အသင်း ()သင်းဖြင့် ယှဉ်ပြိုင်ကြရာ ပထမနေ့၌ စည်ပင်ဌာန ပိုက်ကျော်ခြင်းအသင်းနှင့် ထွေ/အုပ်ဌာန ပိုက်ကျော်ခြင်း အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြရာ စည်ပင်ဌာန ပိုက်ကျော်ခြင်းအသင်းမှ နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

အလားတူ ဌာနဆိုင်ရာပေါင်းစုံ ဘော်လီဘော ပြိုင်ပွဲကို အုပ်စု စုခွဲ၍ အသင်း()သင်းဖြင့် ယှဉ်ပြိုင်ကြရာ ပထမနေ့ ပွဲစဉ်၌ ထွေ/အုပ်ဌာန ဘော်လီဘောအသင်းနှင့် ပညာရေးဌာန ဘော်လီဘော အသင်းတို့ယှဉ်ပြိုင် ကစားခဲ့ကြရာ ပညာရေးဌာန ဘော်လီဘောအသင်းမှ နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

ပြိုင်ပွဲအလိုက်ဗိုလ်လုပွဲနှင့် ဆုပေးပွဲကိုလည်းကို လွတ်လပ်ရေးနေ့၌ ပြုလုပ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ထူးနောင် ဘီးလင်း(ပြန်/ဆက်)