မိုင်းတုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ လွတ်လပ်ရေးအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ

မိုင်းတုံ ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ၊ Community Centre ခန်းမတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို လွတ်လပ်ရေးအကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk   Show  ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါအသိပညာပေး Talk Show ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်သက်သက်ခိုင်နှင့် ဦးမျိုးကျော်စိုးတို့က လွတ်လပ်ရေး အကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ပြည်သူ့များသိရှိစေရန်နှင့် ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ဆွေးနွေးပွဲပြုလုပ်‌ပေးရခြင်းဖြစ်‌ကြောင်း သိရသည်။

အဆိုပါ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို လွတ်လပ်ရေးအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးမှုအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် အများပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန်အတွက် We Love Mong Tong ၊ Facebook Page မှတဆင့် ထုတ်လွှင့်ပေးသွားမည်ဖြစ်ပါကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)