ပင်လောင်းမြို့နယ်တွင် COVID -19 Economic Relief Plan (CERP) အရ မိုးစပါး မျိုးစေ့ထုတ်လုပ်ငန်းများ အတွက် ထောက်ပံ့ငွေပေးအပ်

ပင်လောင်း     ဩဂုတ်   ၂၄

COVID-19 စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းများအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နန်းတုတ်ကျေးရွာအုပ်စု၊ လင်ခံကျေးရွာဘုန်တော်ကြီးကျောင်းတွင်  ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။  

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင် (နည်းပညာ)က အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးတင်ဦးက  COVID-19 စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ ထုတ်လုပ်ငန်းအတွက် ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နန်းတုတ်ကျေးရွာအုပ်စုအတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် ဆောင်ရွက်နေသည့် တောင်သူ (၂၂)ဦးအတွက်  ယခုပထမအကြိမ်တွင် မျိုးစေ့ဖိုး ()ဧကလျှင် (၈၅၀၀)ကျပ်နှုန်း၊ စိုက်ပျိုးစရိတ် ()ဧက လျှင် (၇၅၀၀၀)ကျပ်နှုန်းဖြင့် စိုက်ခင်းဧက(၇၀)အတွက် စုစုပေါင်းငွေကျပ်(,၈၄၅,၀၀၀) အား တာဝန်ရှိသူတို့က စိုက်ပျိုးရေးတောင်သူများထံ ထောက်ပံ့ပေးအပ်ပြီး၊ ဒုတိယအကြိမ်အဖြစ် စက်တင်ဘာလ ဒုတိယပတ် အတွင်း မျိုးကွဲပယ်ခြင်းနှင့် မျိုးစေ့သန့်စင်ခ ()ဧကလျှင် ငွေကျပ်(၆၅,၀၀၀) နှုန်းဖြင့် ဧက (၇၀)အတွက် ငွေကျပ်(,၅၅၀,၀၀၀)အား ဆက်လက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း  သိရသည်။

မြို့နယ်ပြန်/ဆက်