လှည်းကူးမြို့နယ်၊ အ.လ.က ဇရပ်ကွင်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ရန်ကုန် ဇန်နဝါရီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က အ.လ.က ဇရပ်ကွင်းကျောင်းတွင် ဖြန့်ဝေခဲ့သည်။

ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ရှိ ဝန်ထမ်းများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် ဖြန့်ဝေခဲ့ပြီး အဆိုပါ လက်ကမ်းစာစောင်တွင် မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက် (၄)ရပ်၊ မိန့်ခွန်း ကောက်နုတ်ချက်များနှင့် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများ စသည်တို့ပါဝင် သည်။

လှည်းကူးမြို့နယ်၊ အ.လ.ကဇရပ်ကွင်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သန်းသန်းစိုး(ပြန်/ဆက်)