ကျောက်ဆည်မြို့နယ် အခြေခံပညာကျောင်းများတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်း စကား ပြောပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီး ဆုများချီးမြှင့်

ကျောက်ဆည် ဇန်နဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အခြေခံပညာကျောင်းများတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီး ဆုများ ချီးမြှင့်ပေးအပ်လျက်ရှိရာ ယနေ့နံနက် (၉) နာရီက အ.ထ.က-၁၊ အ.ထ.က-၂၊ အ.ထ.က-၃ နှင့် အ.ထ.က မြို့မ ကျောင်းများတွင် ကျပန်းစကား ပြောပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပပြလုပ်ပြီး ဆုများချီးမြှင့်ပေးခဲ့ ကြောင်း သိရှိရသည်။

ပြိုင်ပွဲများကျင်းပရာတွင် ကျပန်းစကားပြောပြိုင်ပွဲ၊ အမျိုးသား/သမီး လွန်ဆွဲပြိုင်ပွဲ၊ ထုပ်ဆီးထိုးပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြိုင်ပွဲ၊ အာလူကောက်ပြိုင်ပွဲ၊ အိပ်စွပ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပြီး ထုပ်ဆီးထိုးပြိုင်ပွဲ  ဆုရရှိသောကျောင်းသား/သူများအား မြို့နယ်ပညာရေးမှူး ဒေါ်မိမိအောင်က ဆုများချီးမြှင့် ခဲ့ပြီး လွန်ဆွဲ၊ အပြေး၊ အားလူးကောက်နှင့် အိပ်စွပ်အပြေးပြိုင်ပွဲများတွင် ဆုရရှိသူများအား ကျောင်းအုပ် ဆရာမကြီးများနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် မူလတန်းခွဲကျောင်း(၁)ကျောင်း၊ မူလတန်းကျောင်း (၁၂၉) ကျောင်း၊ မူလတန်း လွန်ကျောင်း (၂၆)ကျောင်း၊ အလယ်တန်းခွဲကျောင်း(၈)ကျောင်း၊ အလယ်တန်းကျောင်း(၂)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၉) ကျောင်း၊ အထက်တန်းကျောင်း(၁၁)ကျောင်း ရှိကြောင်းနှင့် (၇၄) နှစ်မြောက် လွတ်တပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ အပြေပြိုင်ပွဲ၊ ပူးပေါင်းဖောက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲနှင့် အိပ်စွပ် အပြေးပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီး ဆုများချီမြှင့်ပေးအပ်ခဲ့ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)