နွားထိုးကြီး ဇန်နဝါရီ ၃
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈) နှစ်အထက် ပြည်သူများအား ပဉ္စမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကျေးရွာများ၌ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူသမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး အသက် (၁၈) နှစ်အထက် ပြည်သူများကို ဆေးတစ်လုံးလျှင် လူငါးဦး 5Dose ထိုးနှံလျက်ရှိပြီး အသက်(၁၈)နှစ်အထက် ပြည်သူထိုးနှံပေးပြီး စုစုပေါင်း (၄၄၉၈၄) ဦးအား ထိုးနှံပေးပြီး ဆေးထိုးခြင်း လုပ်ငန်း များကို မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်နှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျန်ရှိနေသေးသည့် ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများကိုလည်းသတ် မှတ်ဦးစားပေးအုပ်စု အလိုက် ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းအောင်ဇော်