လားရှိုးမြို့နယ်၌ လယ်ယာသုံးစက်ကိရိယာ ‌မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်

လားရှိုး ဩဂုတ် ၂၄

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း) အမှတ်(၅၆) စက်မှုလယ်ယာစခန်းမှကြီးမှူး၍  လားရှိုးမြို့နယ် ခါးသျှိကျေးရွာအုပ်စု ခါးသျှိ ကျေးရွာခန်းမတွင် ယနေ့ နံနက်()နာရီအချိန်က လယ်ယာသုံးစက်ကိရိယာမောင်းနှင်မှု (အခြေခံ) သင်တန်း အမှတ်စဉ်(/၂၀၂၀)ဖွင့်ပွဲအခမ်းအနားအား ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)စက်မှုလယ်ယာဦးစီးဌာနမှ ပြည်နယ်ဦးစီး  ဌာနမှူး ဦးသန်းထွန်းအောင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး လားရှိုးမြို့ အမှတ်(၅၆) စက်မှု လယ်ယာစခန်းမှ မြို့နယ်ဦးစီးဌာနမှူး ဦးသန်းကျော်ဌေးက သင်တန်းစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားကာ သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် အမှတ်(၅၆) စက်မှုလယ်ယာစခန်းမှ ကျွမ်းကျင်ဝန်ထမ်းများက ဒေသခံ တောင်သူများအား လယ်ယာသုံးစက်ကိရိယာများကို စနစ်တကျမောင်းနှင်ထိန်းသိမ်းတတ်စေရန်နှင့် နေ့စဉ်၊ အပတ်စဉ် နာရီအလိုက်ထိန်းသိမ်းကြံ့ခိုင်မှု ပြုလုပ်ရမည့်အခြေခံလုပ်ငန်းစဉ်များအား သိရှိနားလည်ကြစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပြီး  ခါးသျှိကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ သင်တန်းသား(၃၀)ဦးအား စာတွေ့လက်တွေ့အခြခံများကို သင်ကြားပေးသွားမည်ဖြစ်ကာ  သင်တန်းကာလမှာ ဩဂုတ်လ ၂၄ ရက်မှ စက်တင်ဘာလ ရက်နေ့အထိ ( ၁၂ )ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နန်းသန္တာဦး (ပြည်နယ် ပြန်/ဆက် )