မန္တလေး ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ခန့်ဝေနှင့် ဝန်ထမ်းများသည် ပြည်ကြီးတံခွန်မြို့နယ် (ဋ) ရပ်ကွက် ကံကြီးကုန်းရွာလယ် ဓမ္မာရုံ တွင် ယနေ့နံနက်၁၀နာရီက အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများအား ပန်းခင်းစီမံချက် ဖြင့် အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ပေးရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်က တက်ရောက်ခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား (၇၄) ကတ်အား ပြည်သူများ လက်ဝယ်ထံသို့ ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)