သံတောင်ဦးကုမ္ပဏီမှ မိုင်းရယ်ပြည်သူ့ဆေးရုံသို့ ကျန်းမာရေးသုံး ပစ္စည်းများ ပေးအပ်လှူဒါန်း

မိုင်းရယ်   မတ်  ၅

ငွေရည်ပုလဲကုမ္ပဏီအုပ်စု၊ သံတောင်ဦးကုမ္ပဏီမှ မိုင်းရယ်ပြည်သူ့ဆေးရုံသို့ ကျန်းမာရေးသုံး ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကိုယနေ့ နံနက်(၁၀)နာရီက မိုင်းရယ်မြို့နယ် ကျန်းမာရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် သံတောင်ဦး ကုမ္ပဏီလီမိတက်၊ မိုင်းရယ်သကြားစက် စီမံကိန်းမှ စက်ရုံမှူး ဦးဝင်းဆွေက မိုင်းရယ်ပြည်သူ့ ဆေးရုံသို့ ကျန်းမာရေးသုံး ပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်းအား ရှင်းလင်းပြောကြားပါသည်။

ယင်းနောက် ငွေရည်ပုလဲကုမ္ပဏီအုပ်စု မန်နေဂျင်းဒါရိုက်တာ ကိုယ်စား မိုင်းရယ်သကြားစက် စီမံကိန်းမှ စက်ရုံမှူး ဦးဝင်းဆွေက မိုင်းရယ်ပြည်သူ့ဆေးရုံသို့ ကျန်းမာရေးသုံး ပစ္စည်း(၈)မျိုးနှင့် အလှူငွေကျပ်ဆယ်သိန်း စုစုပေါင်းတန်ဖိုးကျပ် ၁၉၂၀၀၀ဝ/-အား ပေးအပ်လှူဒါန်းရာ မိုင်းရယ်မြို့ နယ် ပြည်သူ့ဆေးရုံမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသီရိထွန်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

ခင်မာလာ