ရမည်းသင်းမြို့နယ်အတွင်း၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်ဖြန့်ဝေ

ရမည်းသင်း ဇန်နဝါရီ ၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော ၂၀၂၂ ခုနှစ် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ရမည်းသင်းမြို့နယ် အတွင်းရှိ  ပြည်သူများနှင့် ကျောင်းသား/သူများအား (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အသိပညာ ဗဟုသုတများကို သိရှိနိုင်စေရန်အတွက်  ယနေ့နံနက်ပိုင်းက  လူစည်ကားရာ မြို့မဈေးနှင့် အ.ထ.က (၁)၊ အ.ထ.က(၅) ကျောင်းများကို သွားရောက်ကာ အခမဲ့ဖြန့်ဝေခဲ့သည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက် (၄) ရပ်၊ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ အမျိုးသား ညီညွတ်ရေးဆိုသည်မှာ လွတ်လပ်ရေးကို ကာကွယ်ရမည်၊ ပြည်သူတွေရဲ့အင်အားသည်သာအဓိက (နိုင်ငံခေါင်းဆောင်ကြီးများ၏ မိန့်ခွန်းကောက်နုတ်ချက်များ) စာရေးဆရာဖိုလေးလုံးသောင်းကိုကို ရေးသားသော တို့များဆင်မြန်းလွတ်လပ်ပန်း (ကဗျာ)၊ ကမ္ဘာတည်သရွေ့ မြန်မာ့ လွတ်လပ်ရေး တည်တံ့ ခိုင်မြဲရေးအတွက် မျိုးချစ်စိတ်ထက်သန်သည့် မိမိတို့တိုင်းရင်းသားအားလုံးက ပြည်ထောင်စု စိတ်ဓါတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု စိတ်ဓါတ်တို့ဖြင့် ထိန်းသိမ်း စောင့်ရှောက်ကြရန် လိုအပ်ကြောင်းနှင့် လွတ်လပ် ရေးနေ့ အသိပညာပေးရုပ်ပြများပါဝင်သဖြင့် ပြည်သူများနှင့် ကျောင်းသား/သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇော်ဝင်းအောင် (ခရိုင်ပြန်/ဆက်)