လွိုင်လင် ဇန်နဝါရီ ၃
လွိုင်လင်မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်တုရင်ပြိုင်ပွဲတွင် အလွတ်တန်း၊ လူသစ်တန်း ၊ U-15 ၊ U-10 စသည့် ပြိုင်ပွဲဝင် ၄၀ ဉီး တို့က ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို ဇန်နဝါရီလ ၂ ရက်မှ ဇန်နဝါရီလ ၃ ရက်နေ့အထိ ကျင်းပကာ ဇန်နဝါရီလ ၄ ရက်နေ့ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာဖတ်ပွဲ အခမ်းအနားအပြီးတွင် ဆုချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
လွိုင်လင်မိုး