ဝမ်းတွင်း ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈) နာရီအချိန်မှ စတင်ကာ လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ရွက် ခဲ့ကြသည်။
မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖြန့်ဝေသော (၇၄) နှစ်မြောက် လွတ် လပ်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်တွင် မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များအကြောင်း သိမှတ်ဖွယ်ရာများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့အလယ်ပစ္စယံညီလာခံ၌ ပြောကြားခဲ့ သော “အမျိုးသားညီညွှတ်ရေး” ကောက်နုတ်ချက်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဦးတည်ချက် (၄) ချက် အကြောင်းများ၊ လွတ်လပ်ရေးကို ကာကွယ်ရမယ်၊ လွတ်လပ်ရေးနှင့် အချုပ်အခြာ၊ မျိုးချစ်အားနှင့် ကာကွယ်ပါ၊ ဖိုလေးလုံးသောင်းကိုကို၏ “တို့များဆင် မြန်းလွတ်လပ်ပန်း” ကဗျာ၊ ပြည်သူတွေ့ရဲ့ အင်အားသည်သာအဓိက၊” ကမ္ဘာတည်သရွေ့စောင့်ရှောက်” ကြစို့ စသည့် သိမှတ်ဖွယ်ရာ ဗဟုသုတများ စုံလင်စွာ ပါရှိကြောင်း သိရသည်။
အဆိုပါ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကာ လူစည်ကားရာနေရာများဖြစ်သည့် ဝမ်းတွင်းဈေး၊ သဲတော (အထက)၊ ဝမ်းတွင်း (အထက) နှင့် မြို့နယ်အားကစာနှင့် ကာယပညာဦးစီးဌာနဝန်းအတွင်းရှိ အားကစားပြိုင်ပွဲများတွင် ဖြန့်ဝေပေးခဲ့ ကြောင်း မြို့နယ် ဦးစီးအရာရှိ (တာဝန်ပေး) ဦးမြင့်ဇော်မှ ပြောပြသည်။
ကိုရဲ(ဝမ်းတွင်)