မန္တလေး ဇန်နဝါရီ ၃
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စု (မန္တလေး)တို့ ပူးပေါင်းကျင်းပသော ကလေးသူငယ်အခွင့် အရေး ဆိုင်ရာအသိပညာပေး (Talk Show) ကို မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှုး ဒုရဲမှူးသူဇာလွင်တို့က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများအကြောင်း နိုင်ငံတော်က ဆောင်ရွက်ပေးနေသော ကလေးသူငယ် ပြုစုစောင့်ရှောက် ကာကွယ်ရေးလုပ်ငန်းများအကြောင်း၊ ကလေး သူငယ်များ အခွင့်အရေးများနှင့် ပတ်သက်၍ ဆက်သွယ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအကြောင်းကို ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲအပြီးတွင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (မန္တလေး)က အများပြည်သူ လေ့လာဖတ်ရှုနိုင်ရန် ကလေးသူငယ်များနှင့် ပတ်သက်သော အသိပညာပေးပိုစတာများအား လှုဒါန်းခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)