မွန်ပြည်နယ်အတွင်း ကိုယ်စားလှယ်လောင်း(၃၀၃)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်

မော်လမြိုင်   ဩဂုတ် ၂၄

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပသွားမှာဖြစ်ရာ မွန်ပြည်နယ်တွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း(၃၀၃)ဦးရှိကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

မွန်ပြည်နယ်အတွင်း ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းလွှာစိစစ်မှုအနေဖြင့် ပြည်သူ့လွှတ်တော်တွင်(၆၅)ဦး၊ အမျိုးသား လွှတ်တော်တွင်(၇၈)ဦး၊ ပြည်နယ်လွှတ်တော်တွင်(၁၃၇)ဦး၊ ဗမာ(၇)ဦး၊ ကရင်(၈)ဦးနှင့် ပအိုဝ်း(၈)ဦး စုစုပေါင်း(၃၀၃)ဦး နေရာ(၄၅)ခု ဝင်ရောက်ယှဉ်ပြိုင် သွားမှာဖြစ်ကြောင်း အထွေထွေရွေးကောက်ပွဲတွင်ပါဝင် ယှဉ်ပြိင်ရန်အတွက် (၁၇)ပါတီနှင့်တစ်သီး ပုဂ္ဂလ(၁၂)ဦး အမည်စာရင်းတင်သွင်းထားကြောင်း ပြည်နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပထမအကြိမ် မဲဆန္ဒရှင်ပေါင်း ၁၇၆၂၇၃၀ ဦးရှိပြီး မဲရုံပေါင်း (၉၅၄)ရုံရှိကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ပြည်နယ်(ပြန်/ဆက်)