ဗန်းမော် ဇန်နဝါရီ ၂
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်နံနက် ၉ နာရီမှ စတင်၍ ဗန်းမော်ခရိုင် အားကစား ခန်းမ၌ ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ဗန်းမော်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတို့က ကြီးကြပ်၍ ဗန်းမော်မြို့နယ်အတွင်းရှိ အားကစားဝါသနာရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများတို့က အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲအသင်း (၁ဝ)သင်းဖြင့် ပါဝင် ယှဉ်ပြိုင်လျက်ရှိရာ အကြိုဗိုလ်လုပွဲ(ဆီးမီးဖိုင်နယ်)နှင့် ဗိုလ်လုပွဲကို ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဆုရရှိသည့်အသင်းများကို တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)