တံတားဦးမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

တံတားဦး    ဇန်နဝါရီ  ၂

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းတို့ ပူးပေါင်းပြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပကြောင်း သိရသည်။

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘိုမောင်က ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် စာကြည့်တိုက်ကို အသုံးပြုတတ်စေရန်၊ အားလပ်ချိန်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချရေး၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရန်၊ လွတ်လပ်ရေး၏ အနှစ်သာရ နားလည်စေရန်တို့ကို ပြောကြားပြီး၊ တံတားဦးမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အသင်းဝင် စာရေးဆရာကိုရင်ထွန်းလွင်(သမန်းကန်)က (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ ၊ လွတ်လပ်ရေးနေ့ဖြစ်လာပုံအကြောင်းအရာများ ၊ လွတ်လပ်ရေးကို တန်ဖိုး ထားပြီး ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေး ၊ လွတ်လပ်ရေးကို လက်ဆင့်ကမ်းအမွေ တာဝန်ယူ နိုင်ရေး၊ လွတ်လပ်ရေးနေ့၏ အဓိပ္ပာယ်နှင့်  လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းအကြောင်းအရာများနှင့် လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် သိကောင်းစရာများကို အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲသို့ တက်ရောက် လာသူများက မိမိတို့သိရှိလိုသည့် လွတ်လပ်ရေးအကြောင်းအရာများကို ဆွေးနွေးကြရာ တာဝန်ရှိသူများ အသေးစိတ်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်းသိရသည်။

ရဲတင့်(တံတားဦး)