မိုးကောင်းမြို့၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးTalk Show ပြုလုပ်

မိုးကောင်း      ဇန်နဝါရီ        ၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန Community Centre ၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက် (၁၀)နာရီတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show တွင် မိုးကောင်းမြို့နယ်ပြန်/ဆက်မှ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်နီနီလွင်က လူမှုပတ်ဝန်းကျင်တွင် အမျိုးသမီးများအကြမ်းဖက်ခံရမှုသည် မကြာခဏဆိုသလိုပင် ကြားနေရသည်ဖြစ်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် မိတ်ဆက်စကားပြောကြားသည်။

ထို့နောက် အမျိုးသမီးမျးအပေါ်အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးခြင်းနှင့် ပတ်သက်၍ အကြမ်းဖက်မှုသည် လူတစ်ယောက်ဘဝဖွံ့ဖြိုးတိုးတက်မှုထိခိုက်နှောင့်နှေးစေရန် ပြုမူသည့်အရာ မှန်သမျှကို အကြမ်းဖက်မှုဟုခေါ်ဆိုကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ လူမှုစီးပွါးဆိုင်ရာအကြမ်းဖက်မှုများဖြင့် အန္တရာယ်ရှိသောရိုးရာ ဓလေ့ထုံးစံများကို အသုံးပြုသည ့်အတွက် ကြောင့်ကြုံတွေ့ရသည့် အကြမ်းဖက်မှုဟုခေါ်ဆိုကြောင်း အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်လှစိုးမေက ဆွေးနွေးပြောကြားသည်။

ယင်းနောက် မည်သို့သောအပြုအမူများက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုသက်ရောက် စေသောဆွေးနွေးမှုအပေါ် “လူတော်တော်များများက ရုန့်ရင်းကြမ်းတမ်းပြီး ဆဲဆိုရိုက်နက်မှ အကြမ်းဖက်တယ်လို့ထင်ကြတယ်။ အမှန်တကယ်တော့ အဲလိုတွေမလုပ်လဲ မိန်းကလေး တစ်ယောက်လမ်းလျှောက်သွားနေတာကို ကာယအိန္ဒြေပျက်အောင် အပြောနဲ့မထိတထိစမယ်၊ နောက်ပြောင်မယ်၊ ဒီမိန်းကလေး ဒီလမ်းကို နောက်ထပ်မသွားရဲအောင်၊ မလုပ်ရဲအောင်၊ စိတ်ဆင်းရဲ အောင် ပြုမူတာတွေလဲ အကြမ်းဖက်မှုမြောက်ပါတယ်။ နောက်တစ်ခုက ဆံပင်ကိုကိုင်တာ၊ ပခုံးပုတ် တာ၊ လက်ကိုင်ဆွဲ ခါးဖက်တာ ဒီလိုအပြုအမူတွေကလည်း အကြမ်းဖက်တာပါပဲ ။ နောက်ထပ်အကြမ်းဖက်မှုကတော့ အားလုံးသိတဲ့အတိုင်းပဲ လိင်အကြမ်းဖက်မှုဖြစ်တဲ့ မုဒိမ်းမှု ကျူးလွန်ခြင်းပါပဲ။ ဒီကိစ္စတွေအပြင် အလုပ်လုပ်ချင်တဲ့မိန်းကလေးတွေကို အလုပ်လုပ်ခွင့်မပေးတာ၊ အလှပြင်ဆင်ချင်တဲ့အမျိုးသမီးကို အလှပြင်ဆင်ခွင့်မပေးတာ၊ အလှပြင်ပစ္စည်းတွေကိုပစ်ပေါက် လွင့်ပစ်တာ ဆံပင်ကိုအမျိုးသမီးရဲ့ဆန္ဒမပါပဲ ညှပ်ပစ်လိုက်တာ ၊ မိန်းကလေးအသုံးအဆောင်ပစ္စည်း တွေကိုမီးရှို့ပစ်တာ အဲ့လိုမျိုးတွေဟာလဲ အကြမ်းဖက်မှုတွေပါဘဲ” ဟု အမျိုးသမီးရေးရာအဖွဲ့ဝင် တစ်ဦး ဖြစ်သည့် ဒေါ်လီလီဆွေက ဆွေးနွေးပြောကြားသည်။

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်စေရန် အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားမှု (၁၆)ရက်တာလှုပ်ရှားမှု၊ ဖဲကြိုးဖြူကမ်ပိန်း၊ အမျိုးသမီးများ နေ့စဉ်ဘဝတွင် ပါးစပ်ဖြင့် ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ အကြမ်းဖက်မှုခံရမှုများကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး လုပ်ငန်းများ ပြုလုပ်သင့်သည်အချက်များအား အဆိုပါ Talk Showတွင် ဆွေးနွေးပြောကြားကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)