နွားထိုးကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ အမျိုးသားအောင်ပွဲနေ့အကြောင်း Talk Show ဆွေးနွေးပွဲပြုလုပ်

နွားထိုးကြီး   ဇန်နဝါရီ   ၂

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အောင်ပွဲ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ မွန်းလွဲ ၃နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုပြုဌာနတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

လွတ်လပ်ရေးအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show အစီအစဉ်တွင် ပညာရေးဌာနမှ ဦးအောင်ချစ်ဦးက လွတ်လပ်ရေးအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များ၊ လွတ်လပ်ရေးကို ကာကွယ်ရမယ် အကြောင်းတို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။

သန်းအောင်ဇော်