ဟိုပုံးမြို့၌ ကျေးရွာ စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်အား အကောင်ထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျေးရွာ(၉)ရွာအား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်

ဟိုပုံး မတ် ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဟိုပုံးမြို့တွင် ကျေးရွာစွန့်ပစ် အမှိုက်စီမံခန့်ခွဲမှုစနစ်အား  အကောင်ထည် ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာ(၉)ရွာအား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၁)နာရီ တွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျေးလက်ဒေသများတွင်ရေရရှိရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် သန့်ရှင်းဆိုင်ရာ မဟာဗျူ ဟာရည်မှန်းချက်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် ရည်မှန်းချက်များနှင့် အညီကျေးရွာစွန့်ပစ် အမှိုက် စီမံခန့်ခွဲမှုစနစ်အား အကောင်ထည်ဖော်ဆောင်ရွက် လျက်ရှိရာ ၂၀၁၈-၂၀၁၉ခုဘဏ္ဍာရေးနှစ် အတွင်းကျေးရွာစွန့်ပစ် အမှိုက်စီမံခန့်ခွဲမှုစနစ် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ကျေးရွာ(၉)ရွာအား ညွှန်ကြားရေးမှူးချုပ်၏ အသိအမှတ်ပြု မှတ်တမ်းတင် ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ရာတွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူက ပေါင်လင်းကျေးရွာအုပ်စု၊ ဗန့်ပိန်ကျေးရွာနှင့် ချင်းကုန်းကျေးရွာကိုလည်းကောင်း၊ လုံခုတ် ကျေးရွာ အုပ်စု၊ ကျောင်းလွယ် ကျေးရွာကို လည်းကောင်း၊ စငေါကျေးရွာအုပ်စု၊ ခိုခြဲကျေးရွာကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးအောင်လွင်က လွယ်အွန့်ကျေးရွာအုပ်စု၊ ဂနိုင်ထုံကျေးရွာနှင့် ထီကတူး ကျေးရွာကိုလည်းကောင်း၊ တောင်ကြီးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရန်မျိုးနိုင် က ပေါင်လင်းကျေးရွာအုပ်စု၊ တွံ့တီးကျေးရွာနှင့် လုံဟေးကျေးရွာအုပ်စု နောင်ယာဆိုင်း ကျေးရွာကိုလည်းကောင်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က လွယ်အွန့်ကျေးရွာအုပ်စု၊ နောင်ခုံး ကျေးရွာကို လည်းကောင်း ကိုယ်စား ကော်မတီဝင်များအား  တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးအသီး ပေးအပ်ခဲ့ကြောင်းသိရသည်။

နေမင်းထွန်း(ဟိုပုံး)