မံစီ ဇန်နဝါရီ ၂
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
စာစီစာကုံးပြိုင်ပွဲကို ကျောင်းသားကျောင်းသူ လူငယ်များက လွတ်လပ်ရေးဖခင်များ၏ လွတ်လပ်ရေးရရှိအောင်ကြိုးပမ်းခဲ့သည့် သမိုင်းများကို သိရှိပြီး မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို တန်ဖိုးထားကာ မျိုးချစ်စိတ်ဓါတ်များ တိုးပွားလာစေရန်၊ စာပေများကိုလေ့ လာဖတ်ရှုပြီး စာပေအသိပညာ ဗဟုသုတများမြှင့်မားလာစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ် ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီမှူး ဒေါ်မြတ်နန်းခိုင်က ပြောကြား ခဲ့သည်။
ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၀)ဦးက “လွတ်လပ်ရေး နေ့ဒို့မမေ့”ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများကို မြို့နယ်ဦးစီးမှူး ဒေါ်မြတ်နန်းခိုင်က ဆုများချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်သည့်ကျောင်းသား ကျောင်းသူများအားလုံး ကိုလည်း အမှတ်တရ လက်ဆောင်များ ပေးအပ် ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)