မြစ်ကြီးနား ဇန်နဝါရီ ၂
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ကချင်ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ် လျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် မနောမြေ မိုးလုံလေလုံအားကစားခန်းမ၌ ကရာတေး ဒိုပြိုင်ပွဲကျင်းပနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက် အားပေးခဲ့ကြသည်။
ကရာတေးဒိုပြိုင်ပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင် တာဝန်ရှိသူများက ကရာတေးဒိုအဖွဲ့ ဒိုင်ချုပ်နှင့် နည်းပြများ၏ အတိုက်ပြိုင်ပွဲဖြင့် သရုပ်ပြ ကစားပြသမှုနှင့် အသက်(၁၂)နှစ်အောက် အမျိုးသမီးပြိုင်ပွဲ၊ အသက် (၁၂)နှစ်နှင့် အထက် ကျား၊မ ပြိုင်ပွဲ ကရားတေးဒိုပြိုင်ပွဲများကို ကျင်းပပြုလုပ်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒိုင်အဖွဲ့နှင့်သရုပ်ပြအဖွဲ့များအတွက် ချီးမြှင့်ငွေများကို ပေးအပ် ချီးမြှင့်ခဲ့သည်။
ထို့နောက် ညနေပိုင်းတွင် ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပပြုလုပ်လျက်ရှိသည့် အသက် (၄၀)နှစ်နှင့်အထက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပမှုကို တက်ရောက်ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရှိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို မြစ်ကြီးနားမြို့၌ ရေကူးပြိုင်ပွဲ၊ ရိုးရာခြင်းလုံး ခတ်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ဖူဆယ်ပြိုင်ပွဲ၊ ဂျူဒိုပြိုင်ပွဲ၊ အသက်(၄၀)အထက် အမျိုးသားဘောလုံးပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲတို့အပါအဝင် ဇန်နဝါရီ ၄ ရက်နေ့တွင် ပြည်သူ့အားကစားကွင်းအတွင်း၌ ပျှော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရှိရသည်။
ပြည်နယ်ပြန်/ဆက်