ရန်ကင်း ဇန်နဝါရီ ၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ်(၃)ရပ်ကွက်အတွင်းရှိ ကံဘဲ့သုခိတာရာမ သီလရှင်စာသင်တိုက်သို့ ၂၀၂၂ ခုနှစ် ယမန်နေ့ နံနက်ပိုင်းက နှစ်ဦးအလှူတော်အဖြစ် ဆွမ်းဆန် စိမ်းနှင့် နဝကမ္မအလှူတော်ငွေများအား လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ညွန့် (သူစင်ကြယ်) ဦးဆောင်၍ ရပ်မိရပ်ဖများ၊ ရပ်ကွက်သူရပ်ကွက်သားများမှ စုပေါင်း ၍ နဝကမ္မအလှူတော်ငွေ ကျပ်(၄၃၀၀၀၀/-)နှင့်ဆန်၊ ဆီ၊ ကြက်ဥများ စုစုပေါင်းတန်ဘိုး ငွေကျပ်(၁၀)သိန်းဖိုးရှိ အလှူတော်ပစ္စည်းများအား အမှတ် (၃)ရပ်ကွက် ကံဘဲ့သုခိတာရာမစာသင်တိုက်သို့ လှူဒါန်းခဲ့ကြောင်း သိရသည်။ ယခုလိုနှစ်ဦး အလှူတော်များအား ယခင်က ရပ်ကွက်အတွင်းနှစ်စဉ် သီလရှင်၊ သံဃာတော် အပါးတစ်ရာ ပင့်ဖိတ်ပြီး လှူဒါန်းခဲ့သော်လည်း ယခုနှစ်မှာတော့ သီလရှင် စာသင်တိုက်ကို သွားရောက်လှူဒါန်းခြင်းဖြစ်ကြောင်း ဦးမောင်မောင်ညွန့်(သူစင်ကြယ်)ထံမှ သိရသည်။
လှလှထွေး(ပြန်/ဆက်)