စစ်တွေ ဇန်နဝါရီ ၂
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ကို ယမန်နေ့ ညနေပိုင်းက စစ်တွေမြို့ လောကာနန္ဒာစေတီတော်ဝန်းအတွင်းရှိ သာသနာ့ဘိမာန်တော်၌ စတင်ကျင်းပခဲ့သည်။
ရှေးဦးစွာ နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ကို တိ-နိ စီမံအုပ်ချုပ်မှုမဟာနာယက၊ တိပိဋက ဓရဓမ္မဘဏ္ဍာဂါရိက၊ ရမ္မာဝတီဆရာတော်၊ ဘဒ္ဒန္တဣန္ဒပါလ ဆရာတော်နှင့် ပြည်နယ်ဝန်ကြီးချုပ် အမှူး ပြုသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး ဓမ္မသဘင်ကို ဖွင့်လှစ်ကြသည်။ ဆက်လက်၍ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊ ရမ္မာဝတီဆရာတော်ထံမှ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြ သည်။ ထို့နောက် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊ ရမ္မာဝတီဆရာတော်က ဘေးသုံးမျိုးပျောက် ချမ်းသာ ရောက် တရားတော်အား ဟောကြားတော်မူခဲ့သည်။
နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင် ပထမနေ့အပြီးတွင် ရခိုင်ပြည်အစိုးရအဖွဲ့မှ လှူဒါန်းသော ဓမ္မပူဇာ အလှူတော်ငွေကျပ် ၁၀ သိန်းအား ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း၊ စစ်တွေတပ်နယ်မှ လှူဒါန်းသော ဓမ္မပူဇာအလှူတော်ငွေအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ ဇနီးမှလည်း ကောင်း၊ တရားပွဲတော်သို့ရောက်ရှိလာကြသော တရားနာပုရိတ်သတ်များနှင့် အလှူရှင်များမှ လှူဒါန်းသော ဓမ္မပူဇာအလှူတော်ငွေများကို ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က လည်းကောင်း လှူဒါန်းကြရာ ဆရာတော်၏ကပ္ပိယတကာက လက်ခံခဲ့သည်။
နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ကို စစ်တွေမြို့လောကာနန္ဒာစေတီတော်ဝန်းအတွင်းရှိ သာသနာ့ ဘိမာန်တော်၌ကျင်းပလျက်ရှိရာ ဓမ္မသဘင်ပထနေ့တွင် တိ-နိ စီမံအုပ်ချုပ်မှုမဟာ နာယက၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊ ရမ္မာဝတီဆရာတော်၊ ဘဒ္ဒန္တဣန္ဒပါလ ဆရာတော်က နိဗ္ဗာန်ရောက် ကြောင်း တရားတော်ကို ဟောကြားတော်မူခဲ့ပြီး ဒုတိယနေ့တွင် ဓမ္မာစရိယ တက္ကသိုလ်များနှင့်ဓမ္မာ စရိယဥယျာဉ်ကျောင်းတိုက်တို့၏ နာယကချုပ်ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တသုစိတ္တာဘိဝံသ ဆရာတော်နှင့် တတိယနေ့တွင် စစ်တွေမြို့၊ ဝိမလဓမ္မနာဒ(ဓာတ်လယ်) ကျောင်းတိုက် ဆရာတော်၊ မဟာကမ္မဋ္ဌာနာစရိယ၊ ဘဒ္ဒန္တသုဝဏ္ဏဆရာတော်တို့က နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားသွားမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)