ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

စစ်တွေ  ဇန်နဝါရီ

ရခိုင်ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်ဥပဒေချုပ်ရုံး တော်ဝင်သဇင်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တက်ရောက်အမှာစကားပြောကြားသည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက မြန်မာနိုင်ငံသည် အင်္ဂလိပ်ကိုလိုနီ လက်အောက်ကျရောက်ပြီးနောက် အင်္ဂလိပ်အစိုးရက မြန်မာနိုင်ငံကို စီမံအုပ်ချုပ်ရေးအတွက် အုပ်ချုပ်ရေးဌာန၊ တရားစီရင်ရေးကဏ္ဍများကို ကနဦးဖွဲ့စည်းထူထောင်ခဲ့သည်ဟု သိရှိရပါကြောင်း၊ အုပ်ချုပ်ရေးအရာရှိများကို တရားစီရင်ရေးအာဏာကိုပါ ပူးတွဲပေးအပ်ခဲ့ပြီး ကြီးလေးသည့်အမှုများမှာ အစိုးရကိုယ်စားလိုက်ပါရန် အစိုးရရှေ့နေများကိုလည်း တာဝန်ပေးအပ်ခဲ့သည်ဟု သိရှိရပါကြောင်း၊ ထိုအစိုးရရှေ့နေဆိုသည်မှာ ယခုဥပဒေအရာရှိဆိုသူများ၏ သမိုင်းအစ ဖြစ်သည့်အတွက် ဥပဒေအရာရှိများ၏ နောက်ခံသမိုင်းသည် အလွန်ရှည်လျားခဲ့ပြီဖြစ်ကြောင်း၊ ဥပဒေအရာရှိများအားလုံးသည် ဥပဒေဘွဲ့ရများကိုသာ ခန့်ထားသည့် ပညာရှင်အရာရှိလည်း ဖြစ်ပါကြောင်း၊ ဥပဒေအရာရှိ၏ လုပ်ငန်းတာဝန်များကို ရှေ့နေချုပ်ဥပဒေ၊ နည်းဥပဒေများတွင် ပြဌာန်းထားပြီးဖြစ်သည်ကို တွေ့ရှိနိုင်ပါကြောင်း၊ ထို့အပြင် ဥပဒေအရာရှိများသည် နိုင်ငံ့ဝန်ထမ်းဥပဒေများကို လိုက်နာကြရသကဲ့သို့ ဥပဒေအရာရှိကျင့်ဝတ်၊ ဥပဒေနှင့် အသက်မွေးဝမ်းကျောင်းပြုသူများ၏ ကျင့်ဝတ်ကိုလည်း လိုက်နာကြရသူများဖြစ်ကြောင်း၊ ထိုကဲ့သို့ ဥပဒေကျင့်ဝတ်စည်းမျဉ်းများနှင့်အညီ ကျင့်သားရနေသော ဥပဒေအရာရှိများအပေါ် နိုင်ငံတော်က အထူးအလေးထားသကဲ့သို့ မိမိတို့ပြည်နယ် အစိုးရအဖွဲ့အနေဖြင့်လည်း ဖြောင့်မှန်သော တရားစီရင်ရေးတွင် (Check and Balance) လုပ်နိုင်စေရန် အလေးထားအားကိုးနေသည်ကို ပြောကြားလိုကြောင်း၊ ဥပဒေပညာရှင် ဥပဒေအရာရှိများသည် မိမိတို့ တာဝန်ထမ်းဆောင်ရာ အဆင့်အလိုက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များက ဥပဒေအကြံဉာဏ်တောင်းခံသော ကိစ္စများမှာ မှန်ကန်မြန်ဆန်စွာ အကြံပေးကြပါ၊ တရားဥပဒေ စိုးမိုးရေးအတွက် ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ ပြစ်ဒဏ်ကျခံစေရန်၊ အမှုလိုက်ပါ ဆောင်ရွက်ရာတွင် ဆန္ဒ၊ ဘယာ၊ လောဘ၊ ဒေါသဟူသော အဂတိတရား()ပါးကင်းရှင်းစွာနှင့် ဆောင်ရွက်ပြီး နိုင်ငံ့အကျိုး၊ ပြည်နယ်အကျိုးကို ထမ်းဆောင်ရွက်သယ်ပိုးသော ဥပဒေအရာရှိ ကောင်းများ ဖြစ်ကြပါစေကြောင်းပြောကြားသည်။

ဆက်လက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးက အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့အား ပြည်နယ်ဥပဒေအရာရှိ ဦးဝင်းမောင်က ဥပဒေစာအုပ်များလက်ဆောင်ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ် ဥပဒေချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေအရာ ရှိများလုပ်ငန်းညှိ နှိုင်းအစည်း အဝေးကို ဆက်လက်ကျင်းပခဲ့ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)