ဟိုပန် ဇန်နဝါရီ ၁
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ ရုံးကုန်းရပ်ကွက်ရှိ လွတ်လပ်ရေး ကျောက်တိုင်ကွင်း၌ ယနေ့နံက် ပိုင်းမှ စတင်၍ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသား (အလွတ်တန်း) ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် ဟိုပန် မြို့နယ်ရှိ ပိုက်ကျော်ခြင်း အားကစား အသင်း (၁၄) သင်း ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိကာ ဆုရရှိသည့် အသင်းများအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြိုင်ပွဲကျင်းပရေး ကော်မတီ၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ် ရေးအဖွဲ့မှ ဆုများကို ထိုက်တန်စွာ အသီးသီး ပေးအပ် ချီးမြှင့်သွားမည ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)