မိုင်းယောင်းမြို့တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မိုင်းယောင်း  ဇန်နဝါရီ  ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်   သတင်းစကား  လက်ကမ်းစာစောင်များကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရပ်ကွက်နှင့် ကျေးရွာများသို့ အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသာ အဆိုပါသတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့  အမျိုးသားရေးဦးတည်ချက်(၄)ရပ်၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားသည့်မိန့်ခွန်းမှ ကောက်နှုတ်ချက်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ စသည့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ကဗျာ၊ ဆောင်ပုဒ်၊ အဆိုအမိန့်နှင့် စာစုများ ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း