မိုင်းယန်း ဇန်နဝါရီ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အသက်သွေးချွေးများကို စတေးကာ လွတ်လပ်ရေး ရယူပေးခဲ့သည့် အကြောင်းကို ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိပြီး လွတ်လပ်ရေးကို အစဉ်အမြဲတန်ဖိုးထားတတ်စေရန်အတွက် အခုလို ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အထက(မိုင်းယန်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်နိုင်က ယနေ့ခေတ် လူငယ်၊ လူရွယ်များ အသိပညာ ဗဟုသုတရရှိစေဖို့ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို အကျယ်တဝင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)