တိုက်ကြီးမြို့နယ်၌ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ပေးအပ်

တိုက်ကြီး   ဇန်နဝါရီ    ၁

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်​​မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သော အိမ်ထောင်စုလူဉီးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က တိုက်ကြီး မြို့နယ် ဖလုံဘူတာကျေးရွာအုပ်စု အထက ခွဲကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဖလုံဘူတာကျေးရွာအုပ်စု၊ ဖလုံရွာမကျေးရွာအုပ်စု၊ ဖလုံကံကုန်း ကျေးရွာအုပ်စု၊ ကင်းပတီးကျေးရွာအုပ်စုတို့ရှိ  နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသူ (၂၆၀)ဦးအားပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး တိုက်ကြီးမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန  မြို့နယ်ဦးစီးမှူး ဦးအောင်မင်းထွေးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းပေးအပ်ခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)