ငဖဲမြို့နယ် နယ်ဇောကျေးရွာမှ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ပြုလုပ်ပေး

ငဖဲ ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနရုံးမှ ဒေသခံပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာများ အရောက် အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ နာရီက နယ်ဇောကျေးရွာ ဓမ္မာရုံတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင် စုလူဦးရေစာရင်းများကို အခမဲ့ ပြုလုပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနရုံးမှ ဒု-လ၀ကမှူး ဦးမျိုးမင်းကျော် က ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦး ရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ အခမဲ့ပြုလုပ်ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စနစ်တကျ ထိန်းသိမ်း၍ ကိုင်တွယ် အသုံးပြုရန် အချက်များကို အသိပညာပေး ပြောကြားသည်။

ထို့နောက် ဒု-လ၀ကမှူး ဦးမျိုးမင်းကျော်နှင့် ဝန်ထမ်းများက အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမပြုလုပ်ရသေးသူ (က) ()ဦး၊ (က)ပြုလုပ်သူ ()ဦး၊ အသက်(၁၈) နှစ်ပြည့်ပြီး အသစ် လဲလှယ်သူ()ဦး စုစုပေါင်းပြည်သူ (၁၅)ဦးတို့အား အထောက်အထားများ စိစစ်ကာ ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်းနှင့် ပန်းခင်းစီမံချက်ဖြင့် ကျန်ရှိသည့် ကျေးရွာများအရောက် ဆက်လက်၍ ကွင်းဆင်း ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)