ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

မောင်တော        ဇန်နဝါရီ  ၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၁ ခုနှစ်အတွင်း ကိုဗစ်-၁၉  ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင်  ပါဝင်ခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းကို  ယမန်နေ့ညနေ ၆ နာရီအချိန်က မြို့နယ်ပြည်သူ့ ဆေးရုံဝင်းအတွင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ရခိုင်ရိုးရာအကဖြင့် အခမ်းအနားအား ဖွင့်လှစ်ပြီး ခရိုင်ကိုဗစ်-၁၉ ရောဂါအရေးပေါ်တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေးကော်မတီဥက္ကဌ ဦးနေဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၁ ခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါကုသရေး လုပ်ငန်းများတွင် ကိုဗစ်ပိုးတွေ့ လူနာများကို ခွဲခြားမှုမရှိဘဲ ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ကြသော ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အသိပညာပေးလုပ်ငန်းများတွင်  ပါဝင်ခဲ့ကြသော မီးသတ်ဦးစီးဌာန၊ ပိုးတွေ့လူနာများအား ကူညီသယ်ယူပေးခဲ့ကြသော ကရုဏာကွန်ရက်အသင်း၊  မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့ နှင့်  ကဏ္ဍအလိုက် လိုက်ပါဆောင်ရွက်ခဲ့ကြသူများ၊ NGO/INGO အဖွဲ့အစည်းများ၊ အောက်စီဂျင်နှင့် ဆက်စပ်ပစ္စည်း အလှူရှင်များကို  ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ အရေးပေါ်တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေးကော်မတီဥက္ကဌများ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကုသရေး ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက  ဂုဏ်ပြုလွှာနှင့် ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ထို့နောက်  မြို၊ သက်၊ ဒိုင်းနက် စသည့် တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ဖျော်ဖြေခြင်းနှင့်   ကျန်းမာရေးဝန်ထမ်းများအား ကံစမ်းမဲဖောက် အစီအစဉ်များကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်