လမိုင်းမြို့ ပြည်သူ့စာကြည့်တိုက်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ် ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

လမိုင်း ဇန်နဝါရီ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ် ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များ အနေဖြင့် အားလပ်ချိန်ကိုတန်ဖိုးရှိစွာ အသုံးပြု တတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားစေရန်၊ ကိုယ်ပိုင်တီထွင်တတ်သည့် အတွေးအခေါ်များရှိစေရန်၊ စာကြည့်တိုက်သို့ လာရောက်သည့် အလေ့အထများ ဖြစ်စေရန်နှင့် စာဖတ်ခြင်း အကျိုးကျေးဇူးများ သိစေရန်ရည်ရွယ်၍ ဆေးရောင်ခြယ် ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား/သူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဖြူဖြူအေး(ပြန်/ဆက်)