ကွမ်းခြံကုန်းမြို့နယ်၊ အင်္ဂလုံးကျေးရွာတွင်ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင် ရွက်ပေး

ကွမ်းခြံကုန်း       ဇန်နဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်းအားဝန်ကြီးဌာန၊ ကွမ်းခြံကုန်းမြို့နယ် ဦးစီးမှူးရုံးမှ ခေတ္တမြို့နယ်မှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးထင်အောင်၊ လ၀ကမှူး ဦးစိုးမြင့်လွင်နှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကိုယမန်နေ့က အင်္ဂလုံး ကျေးရွာ၊ ဂန့်ကော်ဓမ္မရုံတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီးမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ရခြင်းကို ကွမ်းခြံကုန်းမြိုနယ် မြို့နယ်ဦးစီးမှူးရုံး ခေတ္တမြို့နယ်မှူး လက်ထောက်ညွန်ကြားရေးမှူး ဦးထင်အောင်က နိုင်ငံသားတစ်ယောက်အတွက် တရားဝင်နိုင်ငံသားအခွင့်အရေးရရှိရန် နိုင်ငံသားစိစစ်ရေးကတ်၏ အရေးပါမှုကို ရှင်းလင်းပြောကြားသည်။

အဆိုပါ အင်္ဂလုံးကျေးရွာသို့ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် အသက်၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၄၃)ဦးနှင့် အသက်၁၈နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၈၃)ဦး၊လဲလှယ်(၉)ဦး ၊မိတ္တူ(၇၂)ဦးစုစုပေါင်း(၂၀၇)ဦးတိုကိုနိုင်ငံသား စိစစ်ရေးကတ် များနေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကာယကံရှင်များ လက်ဝယ်အရောက် ပေးအပ်ခဲ့ ကြောင်းနှင့် ကျန်ရှိသည့် ရပ်ကွက်ကျေးရွာများကို ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ကွမ်းခြံကုန်းမြို့နယ် ဦးစီးမှူးရုံး ခေတ္တ မြို့နယ်မှူး လက်ထောက်ညွန်ကြားရေးမှုး ဦးထင်အောင်ထံမှသိရသည်။

ဆွေနွယ်