မိုင်းတုံမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အ.ထ.က မိုင်းတုံကျောင်း၌ အားကစား ပြိင်ပွဲများကျင်းပ

မိုင်းတုံ   ဇန်နဝါရီ   ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ရှိ အ.ထ.ကမိုင်းတုံကျောင်းမှဆရာမများဦးစီး ၍ (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အကြိုကျောင်းတွင်းအားကစား ပြိုင်ပွဲများကို အထက်တန်း ခြင်းလုံးခတ်ပြိုင်ပွဲ၊ ထုပ်စည်း ထိုးပြိုင်ပွဲ၊ အလယ်တန်း ထုပ်စည်းထိုးပြိုင်ပွဲ၊ ဂုန်းနီအိတ်စွပ်မီတာ (၁၀၀) အပြေးပြိုင်ပွဲ၊ မူလတန်း အာလူးကောက်ပြိုင်ပွဲ၊ မီတာ(၅၀)အပြေးပြိုင်ပွဲ၊ ဂုန်းနီအိတ်စွပ်မီတာ (၅၀) အပြေးပြိုင်ပွဲများကို အ.ထ.က မိုင်းတုံကျောင်းဝန်းနှင့် ကျောင်း အားကစားကွင်းတို့တွင် ယနေ့ နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးပြီး စိတ်အပန်းပြေ၊ ပျော်ရွှင်စေရန် လွတ်လပ်ရေးကို ချစ်မြတ်နိုးပြီး တန်ဖိုးထားတတ်စေရန်၊ ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ခြင်းဖြင့်ကျန်းမာ၊ ကြံ့ခိုင်သော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီး  ရိုးရာ အားကစားနည်းများဖြစ်သော ခြင်းလုံးခတ်ပြိုင်ပွဲ၊ ထုပ်စည်းထိုးပြိုင်ပွဲ၊ မီတာ (၁၀၀)၊ မီတာ (၅၀) ဂုန်းနီအိတ်စွပ်ပြိုင်ပွဲ၊ အာလူး‌ကောက်ပြိုင်ပွဲများကို ကျင်းပရာ  အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဆုရရှိ သူများအား (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့  အခမ်းအနားတွင်ဆုများ ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(ပြန်/ဆက်)