နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်

နောင်ချို ဇန်နဝါရီ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ် တောက်ပြီး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရပ်ကွက်ကျေးရွာ အုပ်စု များတွင် Pilot Project အစီအစဉ်ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ဆက်လက်ဆောင်ရွက်လျက်ရှိရာ ရောဂါပိုးတွေ့ရှိမှု ၁.၀၂ ရာခိုင်နှုန်း ထိကျဆင်း လာကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီထံမှ သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊  ဌာနဆိုင်များ၊  ပရဟိအဖွဲ့များပါဝင်သောအဖွဲ့များက  နောင်ချိုမြို့ပေါ်ရပ်ကွက်များတွင်   ကိုဗစ်-၁၉ ရောဂါပိုး ရှိကြောင်း စိစစ်တွေ့ရှိရသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ၊ ဖျားနာသူများ စုစုပေါင်းလူဦးရေ (၉၈) ဦးကို RDT Test kit ဖြင့် စစ်ဆေးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁)  ဦးသာ တွေ့ရှိရကြောင်း ကျန်းမာရေးဌာနမှ သိရ သည်။

နောင်ချိုမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ အမြန်ဆုံးကွင်းဆက်ပြတ်တောက်နိုင် ရန်ရည်ရွယ်၍ ကွင်း ဆင်း စစ်ဆေးမှုများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယနေ့အထိ အတည်ပြုလူနာ (၄၅၁၄) ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၄၄၄၃)ဦး၊ သေဆုံးသူ (၆၃) ဦး၊ ကုသဆဲလူနာ (၈) ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီထံမှ သိရသည်။

ထွေးငယ်၊ (ပြန်/ဆက်)