ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြရန် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်

ကျောက်ပန်းတောင်း ဇန်နဝါရီ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြရန် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ၊ ယမန်နေ့ညနေ ()နာရီက ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေခိုင်နှင့် ဝန်ထမ်းများက မြို့နှင့်အနီးဝန်းကျင်ကျေးရွာများတွင် လှည့်လည်ဆော်ဩခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် အပြင်ထွက်တိုင်း နှာခေါင်းစည်းများ မဖြစ်မနေ တတ်ဆင်ကြရန်၊ လူစုလူဝေးများသို့ သွာလာခြင်းများ ရှောက်ကြဉ်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ သံသယလူနာတွေ့ရှိပါက အသိပေးခြင်း/ သတိပေးခြင်းများကို မဖြစ်မနေ ဆောင်ရွက်ကြရန်နှင့် ဦးစားပေးအုပ်စုများအလိုက် ဆေးထိုးစုရပ်များ နေ့စဉ်ဖွင့်လှစ် ထိုးနှံပေးလျက်ရှိရာ၊ ကာကွယ်ဆေး တစ်ကြိမ်မျှ ထိုးနှံထားခြင်း မရှိသူများအနေဖြင့် အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်တို့ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် လှည့်လည် ဆော်ဩဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ လှည့်လည်ဆော်ဩရာတွင် မြို့နှင့်အနီး ဝန်းကျင်ကျေးရွာများဖြစ်သည့် စပါယ်ပင်၊ လယ်ပေါ်၊ လယ်ယားတောင် အစရှိသည့် ကျေးရွာများတွင် လက်ကိုင်အသံချဲ့စက်ငယ်ဖြင့် လှည့်လည် ဆော်ဩခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

နေအောင်