ကျိုက်ထို မြို့နယ်တွင် ပထမအကြိမ်ကပ်ထားကြေညာထားသည့် မဲဆန္ဒရှင်စာရင်းများမှ ကန့်ကွက် / ပြင်ဆင်/ ဖြည့်စွက်ရန် လျှောက်ထားလာမှုများအား စိစစ်ဆောင်ရွက်ပေး

ကျိုက်ထို  ဩဂုတ် ၂၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ်ကပ်ထား‌ ကြေညာထားသည့်မဲဆန္ဒရှင်စာရင်းများမှ ပုံစံ(၃)၊ ပုံစံ (၃-က) ၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)ဖြင့် ကန့်ကွက်/ပြင်ဆင်/ဖြည့်စွက်ရန် လျှောက်ထားလာမှုများကို  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ စိစစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ပထမအကြိမ်ကပ်ထား‌ ကြေညာထားသည့်မဲဆန္ဒရှင်စာရင်းများအနက် အမည်စာရင်း ထည့်သွင်းပေးရန် ပုံစံ(၃)ဖြင့် လျှောက်ထားသူ (၂၈၄၇)ဦး ၊  ပုံစံ(၄)ဖြင့် လျှောက်ထားသူ (၇၈၀)ဦး၊  ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်သူ (၁၂၀၈)ဦးတို့ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများမှ တင်ပြလျှောက်ထား လာပြီး မဲစာရင်းတွင် မဲစာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို ရပ်ကွက်/ကျေးရွာ အုပ်စုများအလိုက် စိစစ်ဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ‌ ဒေါ်သိမ့်သိမ့်သူ ထံမှ   သိရှိရသည်။

၀င်းမောင်(ကျိုက်ထို)