မိုးမိတ်မြို့နယ်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)မှ စာဖတ်ဝိုင်းဆွေးနွေး

မိုးမိတ် ဒီဇင်ဘာ ၃၁

မိုးမိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (BookClub) စာဖတ်ဝိုင်းဆွေးနွေးပွဲကို  ယနေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မိုးမိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နေမျိုးပိုင်က စာဖတ်ဝိုင်းကျင်းပခြင်းသည် အကျိုးကျေးဇူးများစွာရှိကြောင်းနှင့် စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတပြည့်ဝစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ကြောင်း ပြောကြားခဲ့ပြီး  စာအုပ်စာစောင်ချစ်မြတ်နိုး သူများအသင်း  (Book Club)  အဖွဲ့ဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်သည်  စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားထားသည့်  ပန်းလိုချင်အပင်ပျိုးတတ်မှ” စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး  တက်ရောက်လာသည့် စာပေဝါသနာရှင်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

မိုးမိတ်သား (ပြန်/ဆက်)