ကျောက်မဲမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွား (၅၀၁)ဦးအား လူမှုရေးပင်စင်များ ထောက်ပံ့ ပေးနိုင်ရေး ငွေများထုတ်ပေး

ကျောက်မဲ ဒီဇင်ဘာ ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့နယ်ရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင်ငွေများကို ကျောက်မဲခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးလက်ထောက် ညွှန်ကြား ရေးမှူး ဒေါ်စန်းစန်းရီနှင့်ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီး ဌာနတွင်  သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများဆီသို့ ထုတ်ပေးခဲ့ကြောင်း သိရသည်။ 

နိုင်ငံတော်မှ အသက် ၈၅ နှစ်ပြည့်ပြီးသူနှင့်အထက် သက်ကြီးဘိုးဘွား ၁ ဦးကို တစ်လလျှင် ငွေ ၁၀၀၀၀- ကျပ်နှုန်းဖြင့်  လူမှုရေးပင်စင်များပုံမှန် ထုတ်ပေးလျှက်ရှိ‌ရာကျောက်မဲမြို့နယ်အတွင်း အသက် ၈၅ နှစ် အထက် သက်ကြီးဘိုးဘွားစုစုပေါင်း ၅၀၁ ဦး ရှိသည့် အတွက် အဆိုပါဘိုးဘွားများ၏ ယခုနှစ် အောက်တိုဘာ ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ၃ လစာစာအတွက်  လူမှုရေးပင်စင်ငွေ ကျပ် သိန်း တစ်ရာ့ငါးဆယ် သုံးသောင်း(၁၅၀၃၀၀၀၀/-)ကို လူမှုရေးဝန်ထမ်းဦးစီးဌာနမှ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့လက်ဝယ်သို့ထုတ်ပေးခြင်းဖြစ်သည်။

အဆိုပါ လူမှု‌ရေးပင်စင်ငွေများကို  အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ဘိုးဘွားများ လက်ဝယ်အရောက်ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။  

မိုင်းထွန်း(ပြန်/ဆက်)