တပ်ကုန်း ဒီဇင်ဘာလ ၃၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ် (၆)လအတွင်း တပ်ကုန်းမြို့နယ်ရှိ ကျေးရွာ(၅)ရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း (၁၆၆၀)ကျော် ထုတ်ချေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဒီဇင်ဘာလ (၂၇)ရက်မှ (၃၀)ရက်အထိ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆက်နိုင်ထွန်းနှင့် ဝန်ထမ်းများက မြေပြင်ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်၊ ဇရပ်ကြီးကုန်းကျေးရွာ၊ ပန်းညိုကျေးရွာ၊ ထန်းတပင်ကျေးရွာ၊ ဆူးတပ်ကျေးရွာနှင့် လက်ပံပုကျေးရွာတို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ စီမံကိန်းတတိယနှစ်အဖြစ် ဇရပ်ကြီးကုန်းကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်မည့်သူ (၇၃)ဦးအတွက် ငွေကျပ် (၁၉၈၈၀၀၀ဝိ/-)၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မည့်သူ (၈၈)ဦး အတွက် ငွေကျပ် (၁၂၃၂၀၀၀ဝိ/-)၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်မည့်သူ (၁၃)ဦးအတွက် ငွေကျပ် (၁၈၂၀၀၀ဝိ/-) ကိုလည်းကောင်း၊ ပန်းညိုကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်မည့်သူ (၂၉)ဦး အတွက် ငွေကျပ် (၇၄၀၀ဝဝဝိ/-)၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မည့်သူ (၃၅)ဦးအတွက် ငွေကျပ်(၂၅၃၀၀၀၀ဝိ/-)၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်မည့်သူ (၁)ဦးအတွက် ငွေကျပ် (၅၀၀၀ဝိ/-)ကို လည်းကောင်း၊ ထန်းတပင်ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်မည့်သူ (၆၈)ဦးအတွက် ငွေကျပ် (၁၇၃၆၀၀၀ဝိ/-)၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မည့်သူ (၉၉)ဦးအတွက် ငွေကျပ် (၁၅၈၄၀၀၀ဝိ/) ကိုလည်းကောင်း၊ ဆူးတပ်ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်မည့်သူ (၅၆)ဦးအတွက် ငွေကျပ် (၂၄၈၀၀၀၀ဝိ/-)၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်မည့်သူ (၂၂)ဦးအတွက် ငွေကျပ်(၇၅၀၀၀၀ဝိ/)၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်မည့်သူ (၂)ဦးအတွက် ငွေကျပ် (၉၀၀၀၀ဝိ/-)ကိုလည်းကောင်း၊ လက်ပံပုကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်မည့်သူ (၅၇)ဦးအတွက် ငွေကျပ်(၁၇၂၈၀၀၀ဝိ/)၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မည့်သူ (၄၉)ဦး အတွက် ငွေကျပ် (၁၃၁၁၀၀၀ဝိ/-)၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်မည့်သူ (၁၁)ဦးအတွက် ငွေကျပ်(၂၉၇၀၀၀ဝိ/-) ကိုလည်းကောင်း၊ စုစုပေါင်း အသင်းသူ/ အသင်းသား (၆၀၃)ဦးအတွက် ငွေကျပ်(၁၆၆၀၈၀၀၀ဝိ/-)ကို ထုတ်ချေး ပေးနိုင်ခဲ့ကြောင်းနှင့် အဆိုပါရန်ပုံငွေများကို ကျေးလက်နေပြည်သူများ အလုပ်အကိုင်ရရှိရေးနှင့် ဝင်ငွေတိုးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး၊ သွင်းအားစုငွေကြေးဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်းဖြင့် ကျေးလက်လူမှုစီးပွားဘဝ မြင့်မားလာစေရေးတို့အတွက် ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
တင်စိုးလွင်