နမ္မတူမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ

နမ္မတူ   ဒီဇင်ဘာ ၃၁

နမ္မတူမြို့နယ်၌ ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၉) နာရီခွဲ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဖြန့်ဝေဆောင်ရွက်ရာတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည် ချက်များ၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များ၊ အမျိုးသား ညီညွတ်ရေး၊ လွတ်လပ်ရေးကိုကာကွယ်ရမယ်၊ တို့များဆင်မြန်း လွတ်လပ်ပန်း ကဗျာ၊ ကမ္ဘာတည်သရွေ့စောင့်ရှောက်၊ ပြည်သူတွေရဲ့အင်အားသည်သာ အဓိက၊ သွေးစည်းချစ်ကြည် လက်ချင်းဆက် လွတ်လပ်ရေးသည်ဒို့အသက်၊ လွတ်လပ်ရေးနှင့် အချုပ်အခြာ မျိုးချစ်စိတ်နှင့် ကာကွယ်ပါ စသည့်အကြောင်းအရာများပါဝင်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနမှ ထုတ်ဝေသည့်  (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင် စောင်ရေ (၂၅၆)စောင်အား နမ္မတူမြို့နယ် မြို့မဈေးအနီး ဗိုလ်ချုပ် လမ်းတစ်လျှောက်ရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာရုံးများ၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများနှင့်  မြို့နယ်အတွင်းရှိ အခြေခံပညာ စာသင် ကျောင်းအားလုံးသို့ ရောက်ရှိစေရေး မြို့နယ်ပညာရေးမှူးရုံးသို့လည်းကောင်း အခမဲ့ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရပါသည်။       

လူမော် (ပြန်/ဆက်)